မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ် ရွှေပေါ်ကျွန်း သာသနာပြုစခန်းကို စတင်တည်ထောင်ခဲ့သော
အရှင်ဇေယျသိဒ္ဓိဓမ္မဥာဏိက(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး ခန္ဓာဝန်ချခဲ့သည့် ထွက်တော်မူခြင်း ၁၈ နှစ်ပြည့် ပူဇော်ပွဲကို ပြာသိုလပြည့်ကျော်၁၃ရက် (ဇန်နဝါရီ ၁၇)ရက် နေ့တွင် ကျင်းပပူဇော်မည်ဖြစ်သည်။ ရွှေပေါ်ကျွန်းဆရာတော် ထွက်တော်မူသည့် ၁၈နှစ်ပြည့် ပူဇော်ပွဲနှင့် စပ်လျင်း၍ ရွှေပေါ်ကျွန်းသာသနာပြုစခန်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုမာရက ''ဆရာတော့ထွက်ပွဲမှာ ကြွရောက်လာကြမယ့် ဆရာတော်ကြီးများနှင့် သံဃာတော် အပါး၁၀၀ခန့်ကို ဆွမ်းလောင်းလှူမှာဖြစ်ပါတယ်။ နှစ်စဉ် ဆရာတော့ထွက်ပွဲကို လာရောက်လှူဒါန်းနေတဲ့ ဝေနေယျတွေအများကြီးရှိပါတယ် ဆရာတော်ကြီးရဲ့ မေတ္တာပေါ့''ဟု မြန်မာသံတော်ဆင့်ကို ဇန်နဝါရီ၁၂ရက် နေ့တွင်မိန့်ကြားခဲ့သည်။
အစီစဉ်များတွင် ပြာသိုလပြည့်ကျော်၁၂ရက် ညနေ၃နာရီမှစ၍ ညပိုင်းဓမ္မတရားများ ဟောကြားခြင်း အထူးအစီစဉ်၊ ပြာသိုလပြည့်ကျော်၁၃ရက် နေလည် ၁၂နာရီအထိ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးအား အသံမစဲပရိတ်တော် မေတ္တာပို့များဖြင့် ပူဇော်ခြင်း ဆရာတော်ဘုရားကြီးအား ကံထပ်မင်္ဂလာပြု ကခြင်းဖြင့်ဖျော်ဖြေခြင်း ၊အနယ်နယ် အရပ်ရပ် မှတပြည့်ဝေနေယျများ၏ စတုဒီသာ အကျွေးအမွေးများ ညနေ၃နာရီတွင် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ ကျင်းပပြီး
ညနေ၄နာရီ၁၅မိနစ်တွင် ပင့်သံဃာများအား
ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း ဥပဌာက အဖွဲ့မှနှိုးဆော်ထားသည်။




No comments:
Post a Comment